လက်ကိုင်ဖုန်း အာမခံ ကာလ ၁၈ လ အာမခံ ခံစားခွင့် လက်ခ နှင့် အပိုပစ္စ္စည်း အာမခံ ဝန်ဆောင်မှု Carry In | အပိုပစ္စည်းများ အာမခံ ကာလ ၆ လ အာမခံ ခံစားခွင့် အပိုပစ္စည်း အာမခံ ဝန်ဆောင်မှု Carry In | အသစ်လဲလှယ်ခွင့်
အာမခံ ကာလ ရက် ၃၀ အာမခံ ခံစားခွင့် ဖုန်း အာမခံ ဝန်ဆောင်မှု Carry In |
အာမခံ ပေါ်လစီ
I. အာမခံပေါ်လစီ ဆိုင်ရာ အကျူံးဝင်သည့် သတ်မှတ်ချက်
အခု ဖော်ပြပါ အာမခံ မှာ မြန်မာ နိုင်ငံ အတွက် သာ အကျုံးဝင်မည်ဖြစ်ပြီး၊ အခြားသော နိုင်ငံများအတွက် အာမခံ ဝန်ဆောင်မှု များ အကျုံးမဝင်ပါ။. အာမခံ ဝန်ဆောင်မှု များကို VinSmart သို့မဟုတ် VinSmart ၏ ပြုပြင်ခွင့်ရ ဝန်ဆောင်မှု စင်တာများမှာသာ ဥပဒေ များက ခွင့်ပြုသည့်အတိုင်း အပြည့် အဝ လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါသည်။
II. အာမခံ စည်းကမ်း နှင့် သတ်မှတ်ချက်များ
1. အာမခံ အကျုံးဝင်သော ထုတ်ကုန်
ထုတ်ကုန်မှာ လက်ရာ ပျက်ယွင်းခြင်း မရှိပဲ စက်ရုံထုတ်သော အတိုင်း ဖြစ်သော ပျက်စီးမှူများ။. ထုတ်ကုန်မှာ မူလထုတ်လုပ်ထားသော အနေအထား အတိုင်း ရှိပြီး၊ ပုံမှန် အသုံးပြုနေသော အနေအထားတွင် ရှိမှသာ အာမခံ ကို ခံစားခွင့် ရမှာဖြစ်ပါသည်။
2. အာမခံ ကာလ
- ထုတ်ကုန် အသစ်အတွက် အာမခံ ကာလ
VinSmart အာမခံ ကို VinSmart-တံဆိပ် ကပ်နှိပ်ထားသော (VinSmart ထုတ်ကုန်) များတွင် မူလထုတ်လုပ်ထားသော အနေအထား အတိုင်း ရှိပြီး၊ ပုံမှန် အသုံးပြုနေသော အနေအထားတွင် ချို့ယွင်းမှု ဖြစ်ပေါ်လာပါ က VinSmart အာမခံ ကို အောက်ပါစည်းကမ်းချက်များအတိုင်း ခံစားခွင့်ရှိပါသည်။
– လက်ကိုင်ဖုန်း အတွက် - တစ်ဆယ့် ရှစ်လ (၁၈).
– ဖြုတ်တပ် မလွယ်သော ဘက်ထရီ အတွက် - တစ်ဆယ့် နှစ်လ (၁၂).
– ဖြုတ်တပ် လွယ်သော ဘက်ထရီ၊ နားကြပ်၊ အားသွင်းခေါင်း နှင့် အားသွင်းကြိုး - ခြောက်လ (၆)
သုံးစွဲသူမှ အမှန်တကယ် ဝယ်ယူသော နေ့မှ စတင် သော ကာလ ( အာမခံ ကာလ )
VinSmart ၏ လမ်းညွန်ချက်များတွင် စက်ပိုင်းဆိုင်ရာ အသေးစိတ်အချက်အလက် ၊ သုံးစွဲမှု လမ်းညွန် ၊ ပြုပြင်ရေးလမ်းညွန် နှင့် အခြားထုတ်ပြန်ထားသော လမ်းညွန်များတွင် ပါဝင်သော အချက်အလက်များ အားလုံးပါဝင်ပါသည်။
- အပိုအစိတ်အပိုင်းလဲလှယ်ခွင့် အာမခံ
ဖြုတ်တပ်လို့ ရသော အစိတ်အပိုင်းများ သို့မဟုတ် လဲလှယ် ရန်လိုအပ်သော ထုတ်ကုန် ကို လဲလှယ်ပေးမည်။ လဲလှယ်ပေးသော အစိတ်အပိုင်း သို့မဟုတ် VinSmart ထုတ်ကုန် ကို လဲလှယ်လို့ ရသော အစိတ် အပိုင်းများ ကို VinSmart ရဲ့ သတ်မှတ်ထားသော လုပ်ဆောင်ချက် များ အတိုင်း ဆောင်ရွက်သွား မည်ဖြစ်သည်။ လဲလှယ်လိုက်သော အစိတ် အပိုင်းများ အတွက် လည်း ပြုပြင်လိုက်သော နေ့ မှ ရက်(၉၀) အထိ အာမခံ ထပ်ပေးထားပါသည်။ VinSmart မှ လဲလှယ် ထောက်ပံ ပေးလိုက် သော ထုတ်ကုန်၊ အစိတ်အပိုင်း များ မှာ သုံးစွဲသူများ ၏ ပိုင်ဆိုင်မှု ဖြစ်ပြီး၊ VinSmart မှ လဲလှယ်ပြီး ပြန်လည် ရရှိသော ထုတ်ကုန်၊ အစိတ်အပိုင်း များ မှာ VinSmart ၏ ပိုင်ဆိုင်မှု ဖြစ်သည်။ ထို့ကြောင့် လဲလှယ်ပြီး သော ထုတ်ကုန် နှင့် အစိတ် အပိုင်းများ ကို ပြန်လည်ပေးအပ်မည် မဟုတ်ပါ။
- လဲလှယ်ခွင့် စည်းကမ်းချက်များ
ထုတ်ကုန် ကို စတင်ဝယ်ယူသော နေ့မှ ရက်ပေါင်း (၃၀) အတွင်း Hardware နှင့် ပက်သက်သော ပြဿနာတစ်စုံတစ်ရာ ရှိပါ ဝန်ဆောင်မှု စင်တာ သို့ ဆက်သွယ် ပြီး လုပ်ဆောင် နိုင်ပါသည်။
III. အောက်ဖော်ပြပါ အကြောင်းအရာများ အားလုံးအတွက် အာမခံ အကျုံး မဝင်ပါ။
1. အာမခံ မရရှိသော ထုတ်ကုန် အတွက် ဆုံးဖြတ်ချက် ကို အောက်တွင် ဖတ်ရှူနိုင်ပါသည်။ အာမခံ မရရှိသော ထုတ်ကုန် အတွက် ပြင်ဆင်မှု ကို VinSmart Customer Care Center တွင် စုံစမ်းနိုင်ပြီး၊ သက်ဆိုင်သည့် ဝန်ဆောင်မှု ကျသင့်ငွေ ကိုပေးချေပြီး ဆောင်ရွက်နိုင်ပါသည်။
– အာမခံ ချိုးဖောက်ထားခြင်း၊ သုံးစွဲသူ ကြောင့် ဖြစ်ပေါ်လာသော ပျက်စီးမှူများ၊ မိမိ ကိုယ်တိုင် ပြုပြင်ခြင်း၊ ရေဝင်ထားကြောင်းတွေ့ရှိခြင်း၊ မှားယွင်းစွာ အသုံးပြုခြင်း၊ လျှပ်စစ် အတက်အကျကြောင့် ဖြစ်ပေါ်လာသော ချို့ယွင်းမှုများ၊ ၊ ထုတ်ကုန် ကို သုံစွဲနည်း အတိုင်း မလိုက်နာခြင်း ကြောင့် ဖြစ်ပေါ်လာသော အကျိုးဆက်များ နှင့် အခြားသော အကြောင်းအရာများ
– အာမခံ မရရှိနိုင်ခြင်း
– အာမခံ ကာလ ကျော်လွန်သွားခြင်း
2. ထုတ်ကုန် ရဲ့ Serial No, IMEI No သို့မဟုတ် အာမခံ ဆီးလ်တံဆိပ်များ ဖတ်မရတော့ ခြင်း၊ သို့မဟုတ် ဖြုတ်ထားခြင်း၊ ဖြဲထားခြင်း၊ ဖျက်ထားခြင်း၊ ပြင်ဆင်ထားခြင်း နှင့် ပြုပြင်ထားခြင်း။ လိုအပ်သော အခြား ပြင်ပစိတ်အပိုင်းများ ပျောက်ဆုံး ပျက်စီးနေခြင်း။
3. ဖော်ပြပါ အချက်များ မှာ အာမခံ အကျုံးမဝင်ပါ - ဟောင်းနွမ်း ပျက်စီးခြင်းများ၊ ပုံမှန် မဟုတ်သော အခြေအနေ မှာ အသုံးပြုခြင်းများ၊ မမှန် မကန်သော လုပ်ဆောင်ချက်များ ( မတော်တဆ ဖြစ်ခြင်း၊ လွဲမှားသော အသုံးပြုမှူ သို့မဟုတ် ပေါ့ဆမှူများ) ၊ သဘာ၀ ဘေးအန္တရာယ် နှင့် ရန်သူမျိုး ငါးပါကြောင့် ပျက်စီးခြင်းများ။
4. ထုတ်ကုန် အပြင်ဘက် မျက်နှာပြင်တွင် ထိခိုက်မှူများ နှင့် ကွဲခြင်း၊ ကွေးခြင်း၊ အပြင်ကာဗာတွင် အစင်းရာများ ထင်နေခြင်း၊ LCD မျက်နှာပြင်၊ ကင်မရာ မှန်ဘီလူး မျက်နှာပြင်၊ နှိပ်ခလုပ်များ နှင့် အခြားသော အစင်းရာများ
5. အထွေထွေ ပြုပြင်ခြင်းများ၊ သန့်ရှင်းရေး ပြုလုပ်ခြင်း၊ အက်ပလီကေးရှင်းများ ကို မြှင့်တင်ခြင်း သို့မဟုတ် အသစ်သွင်းခြင်း၊ ထုတ်ကုန် ကို သရုပ်ပြသခြင်း အပြင် အခြားခြားသော အပိုင်း များ ပြုပြင် ပြင်ဆင်ခြင်း နှင့် လဲလှယ်ခြင်းများ။
6. သံချေးတက်ခြင်း နှင့် ရေစက်များ၊ အခြား အရာများစွန်းထင်းနေခြင်း မှ ဖြစ်ပေါ်လာသော ယိုယွင်းပျက်စီးမှူများ
7. အခြား သော အခြေ အနေ နှင့် အကြောင်းအရာများ ကိုက်ညီမှူ မရှိခြင်း သို့မဟုတ် လုပ်ငန်းသဘော သဘာဝ အတိုင်း မလိုက်နာခြင်း
IV. VINSMART ၏ တာဝန်ယူမှူ
အာမခံ ကာလအတွင်း မှာ ရှိပါက VinSmart သို့ အာမခံ တောင်းဆိုနိုင်ပါသည်။ အာမခံ စည်းကမ်းချက်များ နှင့် အကျုံးဝင်ပါက VinSmart မှ အောက်ပါအတိုင်း လုပ်ဆောင်ပေးသွားပါမည်။
– VinSmart ထုတ်ကုန်များကို အသစ် (သို့) အသစ်ကဲ့သို့ စွမ်းဆောင်ရည်ရှိသော အသုံးပြုဖူးသော အစိတ်အပိုင်းများကိုသာ အသုံးပြုပြင်ဆင်ပါသည်။
– VinSmart ထုတ်ကုန်များကို လဲလှယ်ခြင်းတွင်လည်း အသစ် (သို့) အသစ်နှင့် အရည်အသွေး တူညီသော မော်ဒယ်တူ ပစ္စည်းအမျိုးအစား (သို့) စွမ်းဆောင်ရည်တူညီသော အခြားပစ္စည်း အမျိုးအစား များဖြင့်သာ လဲလှယ်ပေးပါသည်။
V. သုံးစွဲသူ ၏ တာဝန်ယူမှူ
1. VinSmart မှ သုံးစွဲသူများ အသုံးပြုသော ကုန်ပစ္စည်းများ ကို ပျက်စီးမှုပေါ်မူတည်ပြီး စစ်ဆေးမှူများ ပြုလုပ်ရန် လိုအပ်ပါသည်။ ထို့ကြောင့် ပြုပြင်ရန် ကုန်ပစ္စည်းများ ကိုမပေးအပ်ခင်တွင် မိမိ တို့ နှင့် သက်ဆိုင်သော ကိုယ်ရေး အချက် အလက်များနှင့် တခြား သော အရေးကြီးသော Data များ ကို ကြိုတင် သိမ်းဆည်း၍ ဖုန်းထဲမှ ဖယ်ရှားပေးထားရန်လိုအပ်ပါသည်။ ၎င်းအချက်အလက်များနှင့် Data များ တစုံတရာ ပျက်စီးဆုံးရှုံးမှူများ ဖြစ်ပေါ်လာပါက VinSmart မှ တာဝန်ယူမည် မဟုတ်ကြောင်း ကြိုတင် အသိပေးလိုပါသည်။
2. မိမိ တွင် ရှိသော အောက်ပါ အချက် အလက်များ ကို VinSmart ပြုပြင်ရေး ဝန်ဆောင်သူ များ ကိုအသိပေးရမည်။
– အသုံးပြုသော ထုတ်ကုန် ၏ မော်ဒယ်၊ Serial နံပါတ် သို့မဟုတ် IMEI နံပါတ်
– အသုံးပြုသူ ၏ နေရပ်လိပ်စာ နှင့် ဆက်သွယ်ရန် ဖုန်း နံပါတ် အပြည့်အစုံ
– ဝယ်ယူစဉ် ပါဝင်သော Order No, ထုတ်ကုန် ဝယ်ယူ စဉ်က ပါဝင်သော Invoice သို့မဟုတ် လက်ခံ ဘောက်ချာ
အထူးသတိပေးချက် - VinSmart ထုတ်ကုန် ဟန်းဆက် အတွင်းသို့ ဖွင်ကြည့် ခြင်း၊ တစ်စုံတစ်ခု ပျက်စီးသော ကြောင့် ဖွင့်ကြည့်ခြင်း များ မှာ အာမခံ ကိုပျက်ပြယ်စေပါသည်။ VinSmart သို့မဟုတ် VinSmart မှ တာဝန်ပေးထားသော ပြုပြင်ရေး စင်တာများ တွင်သာ ပြုပြင်ရမည်။
VI. အာမခံ နှင့် ပက်သက်သော သတင်းအချက် အလက်များ
အာမခံ နှင့် ပက်သက်သော သတင်းအချက် အလက်များ သိလိုပါက၊ Customer Support Section မှာ ဝင်ရောက်ပြီး ကြည့်ရှုနိုင်ပါသည်။