အကယ်လို့ များ ဖုန်းပျောက် သွား ရင် မိမိ တို့ ရဲ့ အချက် အလက်တွေ ကို လှမ်းပြီး ဖျက်လို့ ရနိုင်ပါသလား။
အမျိုးအစားများ
:
ပိုစ့်တင်သော နေရက်
: 2019-12-24
စာရေးသူ:
အဆင့် သက်မှတ်ချက်:
လုပ်လို့ ရနိုင်ပါတယ် အောက်ပါ အဆင့် အတိုင်း လိုက် လုပ်ပေးပါ။
ဒီလင့် ကို ဝင် ရပါမယ် - https://www.google.com/android/find
ပြီးရင် မိမိဖုန်းထဲမှာ ဝင်ထားခဲ့ တဲ့ Gmail ကို ဝင်ရပါမယ်။
အားလုံးဝင်ပြီးသွားပါက မိမိ ဖုန်းရဲ့ ဝင်လို့ ရပါပြီး
ပြီးရင် မိမိ ဖုန်း ရှိတဲ့ နေရာ ကို ရှာဖွေပါ။
ဖုန်း မြည်တဲ့ အသံ ကို ကြားရအောင် " Play Sound " ခလုပ်ကို နှိပ် ပြီး မိမိ အနီးအနားမှာ ရှာဖွေနိုင်ပါတယ်။
နောက်တခု ကတော့ မိမိ အကောင့် ကို ထွက်ပြီး ဖုန်း ကို Lock လုပ်ချင် ပါက " Device Security " ကို နှိပ်ပြီး လုပ်ဆောင် နိုင်ပါတယ်။
မိမိ ဖုန်း အတွင်းမှာ ရှိ တဲ့ Data တွေ အကုန်လုံး ကို ဖျက်လိုပါက " Delete Device " ကို ရွေးပြီး ဖျက် လို့ ရပါတယ်။ တခု သတိထားရမှာ ကတော့ အဲ့ဒါ ကို ရွေးမယ် ဆိုရင် တော့ နောက်ပိုင်း မိမိ ဖုန်းကို Location ရှာလို့ မရနိုင်တော့ ပါ။
ဒီ အဆင့်တွေ အားလုံးအတွက် ဖုန်း က တော့ Wifi သိုမဟုတ် (3G / 4G ) internet Data ဖွင့်ထားရန်လိုအပ်ပါတယ်။